တွံတေး အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် “ကာကွယ်ဆေးဖြင့် လွှမ်းခြုံ အပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက လွတ်လပ်ရေးကျောက်တိုင်းမီးပွိုင့် လမ်းဆုံနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဇာနည်မောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးစံလင်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ မိဘပြည်သူများ သိရှိနိုင်စေရန် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြပြီး လမ်းသွားလမ်းလာ မိဘပြည်သူများနှင့် ကလေး၊ လူငယ် လူရွယ်များအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)