ငပလီ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် ငပလီမြို့တို့တွင် စက်သုံးများအဆမတန် ဈေးတက်လာမှု ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် လုပ်ငန်းအချို့ လည်ပတ်နိုင်မှုမရှိဘဲ ရပ်နားထားရသည့် လုပ်ငန်းများရှိနေပြီး သုံးဘီဆိုင်ကယ် အငှါးယာဉ်မောင်နှင်နေသူများ အနေဖြင့် ယာဉ်စီးခနှုန်းထားများကို သတ်မှတ်နှုန်းထားထက် တိုးမြင့်ကောက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီဈေးတက်လာမှုကြောင့် ဒေသခံပြည်သူများ စက်သုံးဆီများကို ဈေးနှုန်း ချိုသာစွာဝေယူနိုင်ရေးအတွက် သံတွဲမြို့နယ် ကျော်ဇင်စက်သုံးဆီ အရောင်းဆိုင်နှင့် နန်းချောင်းကျေးရွာရှိ စင်တော်ကောက်စက်သုံးဆီ အရောင်းဆိုင်များတွင် နိုင်ငံတော် ဗဟိုဘဏ်မှ ရည်ညွှန်းငွေလှဲလှယ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် ယခင်က စက်သုံးဆီ အောက်တိန်း (92) တစ်လီတာကို (၁၂၀၀) ကျပ်ရှိခဲ့သော် လည်းယခုအခါ အောက်တိန်း (92) တစ်လီတာကို (၁၅၇၅) ကျပ်နှင့် အောက်တိန်း (95) တစ်လီတာကို ယခင်က (၁၃၀၀) ကျပ်မှ (၁၆၄၅) ကျပ်ထိ အဆမတန် ဈေးတက်လာမှုကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များနှင့် သုံးဘီအငှါး ယာဉ်မောင်းနှင့်သူများ အဆင်ပြေစေရန်အတွက် စက်သုံးဆီ အောက်တိန်း (92) တစ်လီတာကို(၁၁၈၇)ကျပ်၊ ဒီဇယ် တစ်လီတာကို(၁၁၇၇)ကျပ်၊ ပရီမိယာဒီဇယ် တစ်လီတာကို (၁၁၈၄) သတ်မှတ်ဈေးနှုန်းများဖြင့် ၎င်းအရောင်းဆိုင်များတွင် နိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလွှဲနှုန်းဖြင့် ဈေးနှုန်းချိုသားစွာ ရောင်းချပေးနေသည့်အတွက် အိန္ဒိယနိုင်ငံထုတ် သုံးဘီဆိုင်ကယ်မောင်းနှင့် သူတစ်ဦးကလည်း “ ဆီဈေးတွေမြင့်တက် လာတဲ့အတွက် ယာဉ်စီးခ နှုန်းထားများကို တိုးမြင့်ကောက်ခံသော်လည်း အငှါးလိုက်စီးမည့် သူများနည်းတဲ့အတွက် ဝင်ငွေရရှိတာလည်း နည်းလာတယ်။ မိသားစုစားဝတ်နေရေးလည်း အဆင်မပြေပါဘူး။ စက်သုံးဆီ ဈေးတွေ ဈေးနှုန်းချိုသာစွာ ရောင်ချနေတဲ့ ဆိုင်တွေရှိလာတဲ့အတွက် ယာဉ်စီးခကိုလည်း တိုးမြင့်ကောက်ခံစရာ မလိုတော့ဘူး။ သတ်မှတ်ယာဉ်စီးခ တောင်းခံတဲ့အတွက် ဝင်ငွေတွေလည်း ပုံမှန်ရရှိနေပြီဖြစ်ကြောင်း ” သုံးဘီအငှါးမောင်းနှင် သူ ကိုသန်းဆွေဦး ထံမှသိရသည်။
ရန်ငြိမ်း