အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ရေး မိဘအုပ်ထိန်းသူ များနှင့်တွေ့ဆုံဆွေးနွေး

ထားဝယ်   အောက်တိုဘာ   ၁၄

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် မိဘအုပ်ထိန်း သူများနှင့် တွေ့ဆုံဆွေးခြင်းကို ယနေ့နံနက်ပိုင်းက အထက(၅) ညောင်ရမ်းတောင် ကျောင်း ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

         

ထိုသို့ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံပြီး ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို အသက်(၁၂)နှစ် အထက်ရှိပြီး မူလွန်၊ အလယ်တန်းနှင့် အထက်တန်းတို့တွင် တက်ရောက်နေသူများအား ဦးစားပေး အဆင့်အနေဖြင့်ထိုးနှံ ပေးဖို့ စီမံဆောင်ရွက်ထားပြီး အထက(၅)ညောင်ရမ်းတောင် ကျောင်းတွင် ပညာရေးဌာန၏စာရင်း အရ(၃၀၃)ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးမထိုးသည့် ကလေးများကိုလည်း ကျောင်းတက်ခွင့်ပေးမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥက္ကာ မှ ဆွေးနွေးပြောကြား ရာတွင် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်း လာပါက ကျောင်းများပြန်လည်ဖွင့်လှစ်ရာ၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနိုင်ကြမှာဖြစ်သည့်အတွက် ယခုကဲ့သို့ စီမံဆောင်ရွက်ရခြင်း ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည်(WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အတည်ပြု ချက်ရရှိထားသည့် ဆေးဖြစ်ပါ ကြောင်းနှင့်  လက်ရှိကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးမည့်ဆေးကို မိဘအုပ်ထိန်းသူ များအနေဖြင့် မိမိတို့ရဲ့ကလေး များကို ထိုးနှံကြဖို့ တိုက်တွန်းစေချင်ပါကြောင်း၊ မိဘများ၏သဘော တူခွင့်ပြုချက်ရရှိမှသာ ထိုးနှံပေးမည်ဖြစ်ပါ ကြောင်းနှင့် ကလေးတွေအားလုံးမှာ ရောဂါကာကွယ် ဆေးထိုးနှံထားမှသာလျှင် အိမ်မှာ ကျန်ခဲ့သည့် မိဘဘိုးဘွားများလည်း ကာကွယ်ပြီး သားဖြစ်ဖို့ ရှိပါကြောင်းပြောကြားပြီး တက်ရောက်လာသည့် မိဘအုပ်ထိန်းသူများက သိရှိလိုသည်များကို ပွင့်လင်း စွာမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းသိရသည်။

 

နိုင်ဝင်း