လပွတ္တာ၊ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း စီစဉ်ကျင်းပသော အားကစားဖွံ့ဖြိုး တိုးတက်စေရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နေ့လည်(၁၃:၀၀)နာရီအချိန်က လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဦးက မိတ်ဆက်စကားပြောကြားပြီး သိလိုသည် များကိုမေးမြန်းရာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်အေးက “အားကစားနှင့်လူငယ်ကဏ္ဍ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ်မြင့်ခြင်းတို့ထက် အသက်အန္တရာယ်ကို ပိုမိုဖြစ်စေနိုင် သော နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါစသော မကူးစက်တတ်သော နာတာရှည်ရောဂါများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် အလွန်ပင်အစွမ်းထက်သော ဆေးတစ်ပါးအဖြစ်(Exercise is medicine)အဓိကဆောင်ရွက် သတ်မှတ် ထားပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက်အားကစားနှင့်လူငယ်ကဏ္ဍအနေဖြင့် ကျန်းမာရေးအတွက် ဘာတွေများလုပ်ဆောင်ရမလဲ၊ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းဖြင့် စိတ်ပိုင်း ဆိုင်ရာအခြေအနေများ မည်ကဲ့သို့ တိုးတက်လာမည်နည်းစသည့် အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်တောင်အားကစားကွင်းအတွက် ပိုက်နှင့်ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်