ခန္တီးမြို့၌ ကျောင်းနေအရွယ် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူ

ခန္တီး အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ ယနေ့နံနက် နာရီအချိန်က ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ ကာကွယ်ဆေးလွှမ်းခြုံမှု အလျှင်အမြန်ရရှိစေရန်နှင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်၍ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ပိုစတာဗီနိုင်း ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

၎င်းဗီနိုင်းဆိုင်း ဘုတ်များအား ဗိုလ်ချုပ်ကြေးရုပ်အနီးနှင့် ကမ်းနားလမ်းဆုံ၌ စိုက်ထူ ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဆိုင်းဘုတ်စိုက်ထူရာသို့ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)