ရှမ်းရွာသစ် အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသခံပြည်သူများအား "လူနေမှုဘဝပြည့်စုံ ဖို့နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မဲလရောကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးမှူးရုံးမှ ဒုလ.ဝ.ကမှူးဦးသန်းကိုနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းများ ရရှိရေး အတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် စနစ်တကျ ထိန်းသိမ်း၍ ကိုင်တွယ်အသုံးပြုရန် အချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး မဲလရောကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)