ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို တတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ဆက်လက်ထိုးနှံပေး
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်(၉)နာရီမှစတင်၍ ဒက္ခိဏသီရိ မြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ပထမအကြိမ်ထိုးနှံခြင်း တတိယနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။