ဇေယျာသီရိ အောက်တိုဘာ ၁၄
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် သိသင့်သည့် အချက်များ လိုက်လံအသိပေးနှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးသွားရောက်ထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများအား ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့၊ ကျောင်းနေအရွယ် ကလေးများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် ဒေသတွင်းနိုင်ငံများ၊ ကာကွယ်ဆေး မထိုးနှံပေးရမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြဿနာများ၊ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအတွက် မိဘ/အုပ်ထိန်းသူများထံမှ သဘောတူခွင့်ပြုချက် ရယူနိုင်ရေး ကြိုတင်အသိပေးလိုသည့် အချက်များကို အသံချဲ့စက်ဖြင့်လိုက်လံအသိပေးနှိုးဆော်ခဲ့ပြီး “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့” အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)