ဘူးသီးတောင် အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြတောင်တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီက မြတောင်တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု (ဒုတိယအကြိမ်) ကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြတောင်တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအနေဖြင့် အိမ်အပြင်ထွက်လျှင် (mask) ကို မဖြစ်မနေတပ်ဆင်ကြရန်၊ (Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုလည်း မပျက်မကွက် အကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ စသည့်အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှကျော်