မြဝတီ အောက်တိုဘာ ၁၄
မြဝတီမြို့တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းအတွက် အများ ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် မြို့ အတွင်းရှိ ရပ်ကွက်များ၌ လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။
ထို့သို့အသိပညာပေးနှိုးဆော်ရာတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအတွက် မိဘအုပ်ထိန်းသူ များထံမှ သဘော တူခွင့်ပြုချက်ရယူနိုင်ရေး ကြိုတင် အသိပေးလိုသည့် အချက်များ၊ အသက်၁၂ နှစ်မပြည့်သေးသူများ နှင့် လတ်တလောဖျားနာနေသော ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးမည်မဟုတ်ကြောင်း၊ ရောဂါအခံတစ်ခုခုရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ များကို ကျွမ်းကျင်သည့် သမားတော်၊ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်အရ ကာကွယ်ဆေးထိုးနှံပေး မည်ဖြစ်ကြောင်း၊ မိဘအုပ်ထိန်း သူများကသဘောတူခွင့်ပြုမှသာ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်ချက်များ ပါဝင်သည်။
အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း အတွက် အသိပညာပေး နှိုးဆော် မှုကို မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက အသိပညာ ပေးနှိုးဆော်ခြင်းဖြစ်သည်။
မန်းသန်းရွှေမြင့်