လိပ်သိုဒေသတွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်သော ချဉ်ပေါင်ဖာလာသီးနှံပေါ်ချိန်ဖြစ်၍ ဒေသခံတောင်သူများဆွတ်ခူး၍ ပုံမှန်၀င်ငွေရရှိ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပြီး ဥယျာဉ်ခြံ လုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ရာသီသီးနှံများစွာရှိသည့်အနက် ချဉ်ပေါင်ဖာလာ သီးနှံသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ယခုအခါ ရာသီပေါ်သီးနှံ တစ်ခုဖြစ်သော အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် ချဉ်ပေါင်ဖာလာသီးပေါ်ချိန်ရောက်ရှိလာ၍ ဒေသခံ ပြည်သူများ ဆွတ်ခူး ထုတ်လုပ် ရောင်းချလျက်ရှိပြီး ပုံမှန်၀င်ငွေရရှိနေကြောင်း သိရှိရသည်။