ကျောက်ဖြူ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ရှိသူများနှင့် ဆေးထိုးရန်ကျန်ရှိနေသေးသည့်ပြည်သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် အဆိုပါကာကွယ်ဆေးအား ဆက် လက်ထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် အသက် ၁၈ နှစ်အထက်ရှိသူများ၊ ရဟန်းသံ ဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက် ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်စုရပ်နေရာအသီးသီး၌ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အစိုးရရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ တိုးချဲ့ရပ်ကွက်၊ အလယ်ပိုင်း ရပ်ကွက်၊ စေတီတောင်ရပ်ကွက် စသည့်မြို့ပေါ် ၅ ရပ်ကွက်မှ ဆေးထိုးရန်ကျန်ရှိနေသူများကိုလည်း ဦး စားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်အောင်ကျော်နှင့် ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများက ကြည့်ရှုပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ( ပြန်/ဆက်)