ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတုတ္တနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျိန္တလီ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမစုရပ်၌ အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ ညနေ(၃) နာရီအချိန်ထိ အမှတ်(၂)ရပ်ကွက်၊ ကျင်းကြီးကျေးရွာအုပ်စု၊ ကံ့ကော်တောင်ကျေးရွာအုပ်စု၊ ကိုင်းခုံကျေး ရွာအုပ်စု၊ ကုလားပြင်ကျေးရွာအုပ်စုတို့မှ အသက်(၁၈)နှစ်အထက်ပြည်သူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာသော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးမထိုးမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများက စာရင်းမှတ်တမ်းများရေးသွင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်း၊  သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းပေးခြင်း စသည့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပြီးမှ ကာကွယ်ဆေးကိုထိုးနှံပေးကြောင်းနှင့် ကာကွယ် ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ကြာကြည့်ရှုစောင့်ရှောက်မှုပြု လုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဆက်လက်၍ အမှတ်(၂)ရပ်ကွက်မှ အသက်(၁၈)နှစ်အထက်ပြည်သူ(၂၀)ဦး၊ ကျင်းကြီးကျေးရွာအုပ် စုမှ အသက် (၁၈)နှစ်အထက်ပြည်သူ(၁၀၀)ဦး၊ ကံ့ကော်တောင်ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ပြည်သူ(၇၀)ဦး၊ ကိုင်းခုံကျေးရွာအုပ်စုမှ အသက်(၁၈)နှစ် အထက်ပြည်သူ(၆၀)ဦး၊ ကုလားပြင်ကျေးရွာ အုပ်စုမှ အသက်(၁၈)နှစ်အထက်ပြည်သူ(၁၅၀)ဦး ပြည်သူစုစုပေါင်း(၄၀၀)ဦး တို့အား စတုတ္တနေ့ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)