ဟင်္သာတမြို့နယ်တွင် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် ဝှီးချဲ၊ ဂျိုင်းထောက်၊ တုတ်ကောက် များ အခမဲ့ပေးအပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရန်ကုန်မြို့ ခိုင်နှင်းဝေ ပရဟိတအသင်းနှင့် အလှူရှင်များ စုပေါင်း၍ ဟင်္သာတခရိုင်တွင်းရှိကိုယ်အင်္ဂါမသန်စွမ်းသူများ အတွက် ဝှီးချဲ၊ ဂျိုင်းထောက် ၊ တုတ်ကောက်များ လှူဒါန်းပွဲကို ယနေ့နံနက်( ၁၁ ) နာရီခွဲ အချိန်က ဟင်္သာတမြို့ ဆကာရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း မစိုးရိမ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် အခမဲ့ ပေးအပ်လှူဒါန်းခဲ့ပါသည်။