မိုင်းငေါ့မြို့တွင် Online စနစ်ဖြင့် လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေး Talk Show ပြုလုပ်

မိုင်းငေါ့ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  မိုင်းငေါ့မြို့တွင် Online စနင်ဖြင့် လူငယ်နှင့် စာဖတ်ခြင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀) နာရီအချိန်ခန့်က လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ ပညာ‌ရေးဦးစီးဌာနမှ ဆရာမ ဒေါ်နန်းထွေးလင်းကြည် က လူငယ်နှင့် စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲရာ  စာအုပ်စာပေလူ့မိတ်ဆွေ ဆိုသည့်အတိုင်း လူ၏မိတ်ဆွေ စစ်များဟာ စာအုပ်စာပေများ ပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့်  မြန်မာနှင့် ကမ္ဘာ့ဗဟုသုတများ ရရှိနိုင်မှာဖြစ်ကြောင်း၊ စာပေသည်  ကမ္ဘာ၏ ပြတင်ပေါက်နှင့်တူပေရာ စာဖတ်ခြင်း ဖြင့်ကောင်းကျိုးသာဖြစ်စေနိုင်ကြောင်း၊ စာဖတ်ခြင်းသည်အသိပညာဉာဏ်ကို ရင့်ကျက်စေနိုင်ကြောင်း၊ အတွေးအခေါ်ကောင်း စိတ်ဓာတ်ကောင်းရရှိလာစေနိုင်သည့် မီးရှူးတန်ဆောင်များဖြစ်ကြောင်း စသည့် တို့ကို အသိပညာ‌ပေးဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းငေါ့မြို့ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစ‌ဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာအဆိုပါ Talk Show အပြည့်အစုံကို မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)