စစ်တွေ အောက်တိုဘာ ၁၄
စစ်တွေမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်း(Volunteers)များနှင့် ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြ သော ပြည်သူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေ အထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွင့်ပြုကြောင်းသိရသည်။
စစ်တွေမြို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို စစ်တွေမြို့အမှတ်(၂) အခြေခံပညာအထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဦးဥတ္တမခန်းမ၊ စစ်တွေတက္ကသိုလ်(အားကစားရုံ)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ခိုင်သဇင်ပန်းခြံခန်းမနှင့် စစ်တွေမြို့၊ ခုတင် (၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးတွင်နေရာနှစ်နေရာခွဲကာ စုစုပေါင်း ဆေးထိုးစုရပ် (၈)နေရာတို့တွင် ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန် ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးက လိုအပ်သော ကိစ္စများကို ပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဌာနဝန်ထမ်းများက မိမိတို့တာဝန်ကျရာစုရပ်များသို့သွား ရောက်၍ လိုအပ်သည်များကိုကြီးကြပ် ဆောင်ရွက် ပေးကြကာ ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြ သည့်ပြည်သူများ အဆင်ပြေစေရန်အတွက် လိုအပ်သည့်ကိစ္စရပ်များကို ကျန်းမာရေးဝန်ထမ်း များနှင့် အတူ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
တင်ထွန်း