ပလောက်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေး

ပလောက် အောက်တိုဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက်(၉)နာရီက ဆင်ထိုးကြီး ကျေးရွာအုပ်စု၊ ဆင်ထိုးကြီး‌ကျေးရွာ၊ဘုန်းကြီးကျာင်း၊ ဓမ္မာရုံ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်အရ ဆင်ထိုးကြီးကျေးရွာသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ် ပေးခြင်းဖြစ်ကာ မြို့နယ်ဦးစီးအရာရှိက ပန်းခင်းစီမံချက် ဆောင်ရွက်သည့်ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြု လုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး၊ စနစ် တကျ ကိုင်တွယ်အသုံးပြုရ မည့်နည်း စနစ်များကိုအသိပညာပေးခြင်း၊လက် ကမ်းစာစောင်ဖြန့် ဝေပေး ၍နိုင်ငံသားစိစစ်ရေးကတ်ပြားအသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၃၉)ဦး၊ အသက်(၁၈) နှစ်ပြည့်နိုင် ၆(က)(၂၄)ဦး၊ လဲလှယ်(၁)ဦး၊ မိတ္တူ(၆)ဦး၊စုစုပေါင်း(၇၀)ဦးနှင့် အိမ်ထောင်စု စာရင်း(၇)ခု တို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရ သည်။

 

နှင်းမြူလွင် (ပလောက်)