ဟိုပန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၆) ဦး ထပ်မံတွေ့ရှိ

ဟိုပန်    အောက်တိုဘာ  ၁၅

 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် ယမန်နေ့က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သံသယလူနာ (၃၄) ဦးအား RDT Test Kit ဖြင့် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ()ဦး တွေ့ရှိခဲ့ကြောင်းသိရသည်။

လူနာများမှာ  ကွမ်းလုံမြို့၊ နမ့်ဟူးကျေးရွာမှ အမျိုးသမီး(၂)ဦး၊ ကောင်းဟုန်းရပ်ကွက်မှ အမျိုးသား(၁)ဦး၊ မိန်းပန်းရှမ်းရပ်ကွက်မှ အမျိုး သမီး(၁)ဦး၊မိန်းပန်း(၀)ရပ်ကွက်မှ အမျိုး သမီး(၁)ဦး၊ ရုံးကုန်းရပ်ကွက်မှ အမျိုးသား(၁)ဦး၊ စုစုပေါင်း(၆)ဦးဖြစ်ပြီး  ပြည်သူ့ဆေးရုံ သီးခြားကြပ်မတ် ကုသဆောင်နှင့် မြို့နယ်အားကစားကွင်း Quarantine Center တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

ဟိုပန်မြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၁၇) ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၃၅၉)ဦး၊ ဆေးကုသလျက် ရှိသူ (၅၁) ဦးနှင့် သေဆုံး သူ ()ဦး ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် ပြန်/ဆက်