နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် အသိပညာပေး Talk Show ဆောင်ရွက်

နတ်တလင်း အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က လူငယ်နှင့်အင်္ဂလိပ်စာ ခေါင်းစဉ်ဖြင့် အသိပညာပေး  Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူငယ်နှင့် အင်္ဂလိပ်စာ အသိပညာ‌ပေး Talk Show  ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ Book Club အဖွဲ့ဥက္ကဋ္ဌ ဦးသန်းအောင်မှ ယနေ့ခေတ် အင်္ဂလိပ်စာသည်မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးတို့၏ ဘာသာ စကား မဟုတ်တော့ဘဲ တစ်ကမ္ဘာ လုံးကျယ်ကျယ် ပြန့်ပြန့် အသုံးပြုနေကျသည့် ကမ္ဘာသုံးဘာသာ စကားဖြစ်ကြောင်းနှင့် ကမ္ဘာမှာ တိုးတက်လိုကြတဲ့လူငယ်တိုင်း ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင် ကျင်တတ်မြောက် လေ့လာသင့်ကြောင်း လေ့လာဖို့ အခွင့်အလမ်းတွေလဲ ပေါ်ပေါက်‌နေပြီဖြစ်ကြောင်း‌ဆွေးနွေးခဲ့ကြသည်။

ထိုသို့ Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)