သာယာဝတီမြို့နယ်၌ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ပထမအကြိမ် စတင်ထိုးနှံပေး

သာယာဝတီ အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်မှ (၁၈) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် အခြေပညာကျောင်းများတွင် စတင်ထိုးနှံ ပေးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် သာဝတီမြို့ နယ်အတွင်းရှိ ပညာသင်ကြား လျက်ရှိသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထ ိကျောင်းသား၊ ကျောင်းသူ အခြေခံပညာ အလယ်တန်း ကျောင်းမှ (၆၉၇၉) ဦးနှင့် အထက်တန်းကျောင်းမှ (၁၇၃၅) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၈၇၁၄) ဦးတို့အား ဆေးထိုးစုရပ် (၁၂) နေရာတွင်ထိုးနှံပေး သွားမည်ဖြစ်သည်။ ကာကွယ်ဆေး စုရပ်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ် မှုဖြင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ် ပညာရေး၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)