မိုင်းပျဉ်း အောက်တိုဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးက ပန်းခင်းစီမံချက်အရ ကိုင်ဆောင်လက်မှတ်မရှိသေးသည့် ပြည်သူများအား ဉပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဉီးရေစာရင်းများအား ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်မှ ယမန်နေ့အထိ မိုင်းလျှန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဉီးစိုင်းလုံတစ်နှင့် ဝန်ထမ်းများက မိုင်းလျန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း(၁၂)ရွာမှ အမျိုးသား(၂၂၈)ဉီးနှင့် အမျိုးသမီး(၂၆၁)ဉီး၊ ပေါင်း(၄၈၉)ဉီးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်း နှင့် လဲလှယ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးပြီး အိမ်ထောင်စု(၁၈၄)စုအား အိမ်ထောင်စုလူဉီးရေ စာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဉီးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်နှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြေစိုက်ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း