ကျိုက်လတ်မြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် စတင်ထိုးနှံပေး

ကျိုက်လတ် အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ပထမနေ့အဖြင့် အထက (၁) ကျောင်းစုရပ်နှင့် ရုံးဒေါင့်-အထက ကျောင်းစုရပ်များတွင် ယနေ့နံနက် ၉ နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျိုက်လတ်မြို့နယ်အမှတ် (၁) အထက်တန်း ကျောင်းမှပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက် အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးနှင့် ရုံးဒေါင့်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး၊ ပေါင်း(၂၀၀) ဦးတို့အား ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီးတို့၏ ကြီးကြပ်မှုမြို့ နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပညာရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်း၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဌေးဌေးလှိုင်