ညောင်တုန်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးများ အတွက် ကယ်ဆယ်ရေးရန်ပုံငွေများထောက်ပံ့ခြင်းကို ယမန်နေ့ ညနေပိုင်းက ကမ်းပြိုဘေးသင့် အိမ်ထောက်စုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကမ်းပြိုဘေးသင့်ခဲ့သည့် အိမ်ခြေ(၁၁)လုံးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ စုစုပေါင်းငွေကျပ် (၁၁၈၈၂၀၀)ကို မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာအုပ်မှူးတို့မှ ကွင်းဆင်းပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။