ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အလုံးရေး ၃၀၀၈ တပ်မတော်လေယာည်ဖြင့် ကျိုင်းတုံမြို့သို့ ပို့ဆောင်

ကျိုင်းတုံ        အောက်တိုဘာ ၁

ရှမ်းပြည်နယ်၊အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac  ဆေးအလုံးရေ ၃၀၀၈ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၃၀၀၈ နှင့် ဆေးထိုးအပ်များ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းအရှေ့၊ ဒုတိယပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့်   တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။

အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစား အလုံးရေ ၃၀၀၈ သည် တစ်လုံးလျှင် လူဦးရေ ၂ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ (၆၀၁၆)စာအတွက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)