ဘုတ်ပြင်း အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး ပြည်သူများသိရှိနိုင်ရန် ယနေ့ နံနက်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်၍ အသံချဲ့ စက်ဖြင့် အသိပညားပေးနှိုးဆော် ခဲ့ကြကြောင်းသိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှဝနထမ်းများကတွင် အသက်(၁၂)အထက် ကျောင်းနေအရွယ် ကလေး များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည်ဖြစ် သည့်အတွက် အုပ်ထိန်းသူမိဘများအနေဖြင့် သိရှိနိုင်ရန် အသိပေးကြညာချက် များကို အသိပေးဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံမည်သူများအနေဖြင့် အသက်(၁၂)နှစ် ပြည့်ပြီး အသက် (၁၈) နှစ်အထိ အထက်တန်းကျောင်း၊အလယ်တန်းကျောင်းများ၊ဘုန်းတော်ကြီးသင် ကျောင်းများ ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ တွင် ကျောင်းအပ်နှံထားရှိပြီးသူများ၊ လတ်တလောဖျား နာနေသာ ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံ ပေးမည် မဟုတ်ပါကြောင်း ၊ဆေးထိုး လာရောက်နှံရာတွင် မိဘအုပ်ထိန်းသူမှလိုက်ပါ ပို့ဆောင်ပေးကြရန်၊မှတ်ပု့တင်ရှိပါက ယူဆောင်လာ ရကြရန်နှင့် ဆေးထိုးနှံမည် သက်ဆိုင်ရာ ဆေးထိုးစုရပ်များကို သိရှိနိုင်ရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြူဖြူသိန်း( ဘုတ်ပြင်း)