ဘုရားသုံးဆူမြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ

ဘုရားသုံးဆူ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ လတ်တလောအသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် လျော့နည်းပပျောက်သွားစေရေးအတွက် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဖြစ်သည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဘုရားသုံးဆူမြို့ အ.ထ.က ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်စီမံ၍ ဌာနဆိုင်ရာတာဝန်ရှိသူ များ ပညာရေးဌာနမှ တာဝန်ရှိသူများ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူ မိဘအုပ်ထိန်းသူများမှ ပူးပေါင်း ပါဝင်၍ ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်လျက်ရှိပြီး ကျန်းမာရေးသူနာပြု ဆရာ/ဆရာမများ ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)