ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသော ကျောင်းသား /သူများ၏ ရင်တွင်းစကားသံများ

ဘုတ်ပြင်း အောက်တိုဘာ ၁၈

 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်၌ ကာကွယ်ဆေးဖြင့် လွမ်းခြုံသောအနာဂတ် ပန်းခင်း များဆီသို့ ရည်ရွယ်ချက်ဖြင့် အခြေခံပညာ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးခြင်းကို အထက-ဘုတ်ပြင်း ဆေးထိုးစုရပ်တွင်   ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိသည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးမှုနှင့်ပတ်သက်၍ ကျောင်းသား /သူများ၏ ရင်တွင်းစကားသံများကို မေးမြန်းခဲ့ရာ-

 

မေး-  သမီး အမည် ဘယ်လိုခေါ်သလဲ။

ဖြေ-    သမီး အမည်က မခင်ဝိုင်းဝိုင်းဆက် ဖြစ်ပါတယ်။

မေး-   သမီးဘယ်အတန်းတက်နေတာလဲ ၊ ဘယ်ကျောင်းမှာ တက်နေတာလဲ ၊ အသက်နဲ့ နေရပ်လိပ်စာ သိပါရစေ။

ဖြေ- သမီးက အထက-ဘုတ်ပြင်းကျောင်း နဝမတန်းမှာ ပညာသင်ယူနေပါတယ် အသက်က (၁၅) နှစ် ဗိုလ်ချုပ်လမ်း အောင် မင်္ဂလာရပ်ကွက်မှာနေပါတယ်။

မေး-   သမီး ကိုဗစ်- ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးတဲ့ ရည်ရွယ်ချက်နဲ့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ရင်းတွင်းစကားသံလေး သိချင်ပါတယ်။

ဖြေ- သမီးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အိမ်ကမိသားစုတွေ အားလုံးဆေးထိုးပြီးပါပြီ သမီးတို့ကလည်း ကာကွယ် ဆေးထိုးဖို့ လိုအပ်ပါတယ် ၊ ကာကွယ်ဆေးထိုးပြီး ကျောင်းဖွင့် ချိန်မှာ ကျောင်းတက်ရတောမယ် သူငယ်ချင်းတွေနဲ့အတူ ပြန်ဆုံရမယ် အရမ်းကို ပျော်နေ ပါတယ် ကျန်းမာပျော်ရွှင်စွာနဲ့ ကျောင်းတက်ရဖို့ မျှော်လင့်ပါတယ်  ကာကွယ်ဆေးကိုလည်း ကာကွယ် ဆေးလာရောက်ထိုးနှံဖို့ ပြောလိုပါတယ်။

 

မေး-   သမီး အမည်ဘယ်လိုခေါ်ပါသလဲ။

ဖြေ-    သမီး အမည်က မစန်းလပြည့် ဖြစ်ပါတယ်။

 

 

မေး-   သမီး တက်ရောက်နေတဲ့အတန်း ၊ ဘယ်ကျောင်းမှာ တက်နေတာလဲ ၊ အသက် ဘယ်လောက် ရှိလဲ။

ဖြေ-    သမီးက အဌမတန်း အခြေခံပညာအထက်တန်းကျောင်း ဘုတ်ပြင်းမြို့မှာ ပညာသင်ယူနေ ပါတယ်   အသက်ကတော့ (၁၄) နှစ်ပါ။

မေး-  သမီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရတဲ့ရည်ရွယ်ချက်နဲ့ ကာကွယ်ဆေး ထိုးနှံပြီးတဲ့ ရင်တွင်း စကားသံလေး သိချင်ပါတယ်။

ဖြေ-  ဒီနှစ်ကျောင်းဖွင့်စဉ်က အခန်းတူ သူငယ်ချင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ချိန်က ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ နှစ်ကြိမ် အစစ်ခံရဖူးတယ် တစ်ကြိမ်မှ ပိုးမတွေ့ခဲ့ပါဘူး အရမ်းကြောက် ခဲ့တယ် သမီးတို့က ကျောင်းသူ တွေဖြစ်တော့ ကာကွယ် ဆေးထိုးဖို့ လိုအပ်ပါတယ်  ဆေးထိုး ပြီးရင် ကျောင်းဖွင့်တော့မယ်လို့ သိထားပါတယ် ကျောင်းတက်ရင် သူငယ်ချင်း တွေနှင့်အတူ ဆုံကြရတောမှာမို့ ပျော်ပါတယ် ဒီနေ့ ကာကွယ်ဆေးမထိုးခင်အချိန်က‌ ကြောက်နေပါတယ် ဆေးထိုးပြီးတော့ ဘာမှမဖြစ်ပါဘူး ခေါင်းလည်းမမူးဘူး ကာကွယ်ဆေးထိုးထားတော့ ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု လျှော့ကျမယ် လို့ ယုံကြည်လို့ လာရောက်ထိုးနှံခြင်းဖြစ်ပါတယ် ။

 

တွေ့ဆုံမေးမြန်းသူ - ဖြူဖြူသိန်း