ခမောက်ကြီး အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ၊အခြေခံပညာ အထက်တန်း ကျောင်းတွင် ယနေ့က အသက် ၁၂နှစ် အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာ/ဆရာမများ၊ အုပ်ထိန်းသူ မိဘများ၊ ကျောင်း သား/သူများ၏ ရင်တွင်းစကားသံများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဆရာမကြီး ဒေါ်မြင့်မြင့်အေး (မူလွန် စမ်းသီတာ)
ကိုဗစ်-၁၉ ရောဂါ ဖြစ်တာထက်စာရင်တော့ အခုလို ကိုဗစ်ကာကွယ်ဆေး ဆေးထိုးနှံထားခြင်းက ကြိုတင်ကာကွယ်နိုင်ပြီး အန္တရာယ်ကင်းပါတယ် ကျွန်မတို့အနေနဲ့ကလည်း ကာကွယ်ဆေး မထိုးရသေးတဲ့ကလေးတွေကို ဆေးထိုးနှံပေးနိုင်ဖို့အတွက် တတ်နိုင်သမျှ ကြိုးစားပါ့မယ်။
ဦးရန်နိုင်စိုး (ကျောင်းသားမိဘ)
ကျောင်းတွေပြန်ဖွင့်တဲ့အခါ ခုလို ကိုဗစ်ကာကွယ်ဆေးထိုး ထားတာကြောင့် ကလေးတွေအတွက် အကောင်းဆုံးဖြစ်ပါတယ် အနာဂတ်မှာလဲ ကျောင်းသူကျောင်းသားများ ကိုဗစ် ရောဂါပိုးမကူးစက်နိုင်ပဲ ပညာကို ကောင်းကောင်းမွန်မွန်နဲ့ သင်ကြားနိုင်မယ်လို့ မျှော်လင့် ပါတယ်။
မောင်ထက်ဝေယံဇော်(ဒသမတန်း)
ကျွန်တော်ကတော့ အထက(ခမောက်ကြီး)ကျောင်းမှာ ပညာသင်ကြားနေတဲ့ ဒသမတန်း ကျောင်းသား မောင်ထက်ဝေယံဇော် ဖြစ်ပါတယ် ကျွန်တော်တို့ ကျောင်းသားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေတာ ခုကတော့ ပထမကြိမ်ထိုးနှံပြီးတာ ဖြစ်ပါတယ် ခုလို ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့အတွက် ကျောင်းပြန်ဖွင့်တဲ့အခါမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မယ် လို့ထင် ပါတယ်။
မအိမ်မှူးခင်(ဒသမတန်း)
သမီးကတော့ အထက(ခမောက်ကြီး)ကျောင်းမှာပညာသင်ကြားနေတဲ့ ဒသမတန်း ကျောင်း သူမအိမ်မှူးခင်ဖြစ်ပါတယ်၊ သမီး ကတော့ဒီနေ့မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမ ကြိမ်ထိုးနှံပြီးပါတယ် နောက်လ ၁၄ရက် နေ့မှာ ဒုတိယကြိမ်ထိုးရမှာ ပဲဖြစ်ပါတယ် ခုလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးထားတဲ့အတွက် ကျောင်းပြန်ဖွင့်လို့ ကျောင်းတက် ရတဲ့အခါမှာ ကိုဗစ် ရောဂါကာကွယ်နိုင်မယ်လို့ထင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- ဟိန်းမာန်(ခမောက်ကြီး)
ဓာတ်ပုံ -ရူပါမြင့် (ခမောက်ကြီး)