စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ စီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ် နှင့် ပညာရေးကောလိပ်ကျောင်းများသို့ သွားရောက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေး

မုံရွာ အောက်တိုဘာ ၁

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၁၇)ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိကများက တစ်ဦးချင်းမိတ်ဆက်စကားပြောကြားကာ ပါမောက္ခချပ် ဒေါက်တာသီတာကြူနှင့် တာဝန်ရှိ သူများက ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် ပညာသင်ကြားရေး အစီအစဉ်များ၊ ကျောင်းဝန်းအတွင်း အဆောက်အဦတည်ဆောက်ရေး လုပ်ငန်းများ၊ ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများထံ စားသောက်ဖွယ်ရာများပေးအပ်ကာ ဆရာ/ဆရာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေး တက္ကသိုလ်ရှိ ကျောင်းစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် သို့ရောက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာသူရဦးက ကျောင်းပြန်လည်ဖွင့်လှစ်ရန်အတွက် သင်ကြားရေး၊ စားသောက်နေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းသက်ရပ်ရေးဆိုင်ရာများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာပညာ ရေးကောလိပ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံရာ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဖြူဇင်က ကျောင်းဝန်းအတွင်း တည် ဆောက်ရေးလုပ်ငန်းများ၊ ကျောင်းပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ကြားရေးကိစ္စရပ်များနှင့် အုပ်ချုပ်မှု ပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ /ဆရာများထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေး ကောလိပ် အတွင်းရှိ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

  ဝင်းဦး(​ဇေယျာတိုင်း)