မိတ္ထီလာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၁၆

မန္တလေးတိုင်းဒေသကြီး၊   မိတ္ထီလာမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြော ပြိုင်ပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၉ နာရီအက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

ကျပန်းစကားပြောပြိုင်ပွဲတွင်  မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေ မြသင်းကြိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများက “အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟုသမျှ ရှောင်းရှားကြ၊ ဉာဏ်ရည်လည်ရှုံး လူညွန့်တုံး စည်းလုံးတိုက်ပစ် ထိုမူးယစ်” ခေါင်းစဉ်များအနက် မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)