ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပုလော ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင် ပြသခြင်းကို ဇွန် ၁၆ ရက်နေ့ နံနက် (၁၀) နာရီက ပုလောမြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး မြင့်အောင်က ဒုရဲအုပ် တင်လင်းအောင်(နယ်ထိန်း)က မူးယစ်ဆေးစတင် ပေါ်ပေါက်လာပုံ၊ မူးယစ်ဆေး အမျိုးအစားများ၊   မူးယစ်ဆေးသုံးစွဲခြင်း၊ ရောင်းချ ခြင်း၊ လက်ဝယ်ထားရှိခြင်းဆိုင်ရာ ဥပဒေနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိမှု အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေး နံရံကပ် စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)