ကျောက်ဆည် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပလျက်ရှိသည့် Placement Test (အထူး) ရေးဖြေစာမေးပွဲကို ယနေ့နံနက်က ကြည့်ရှုအားပေးခဲ့ပြီး အခက်အခဲမရှိစေရေး လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Placement Test (အထူး) ရေးဖြေစာမေးပွဲတွင် Grade 1 တန်း၌ ဖြေဆိုကျောင်းသား/ကျောင်းသူ ၂၈ ဦး၊ Grade 2 တန်း ၌ ဖြေဆိုကျောင်းသား/ကျောင်းသူ ၄၈ ဦး၊ Grade 3 တန်း၌ ဖြေဆို ကျောင်းသား/ကျောင်းသူ ၈၄ ဦး၊ Grade 4 တန်း၌ ဖြေဆိုကျောင်းသား/ကျောင်းသူ ၆၂ ဦး၊ Grade 5 တန်း၌ ဖြေဆိုကျောင်းသား/ကျောင်းသူ ၇၄ ဦး၊ Grade 6 တန်း၌ ဖြေဆိုကျောင်းသား/ကျောင်းသူ ၅၆ ဦး၊ Grade 7 တန်း၌ ဖြေဆိုကျောင်းသား/ကျောင်းသူ ၅၁ ဦး၊ Grade 8 တန်း၌ ဖြေဆို ကျောင်းသား/ကျောင်းသူ ၃၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၃၇ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)