မိုင်းရှူး ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းလီမိတက်(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်၊ သမဝါယမအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်မြင့်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိနှင့်သမဝါယမဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ဇာနည်နွယ်တို့က အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစုအတွင်းရေးမှူး ဦးဇော်ဝင်းက ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် အသင်းစာရင်းစစ်အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်နှင့်ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းတင်ပြပြီး သဘာပတိကရှင်းတမ်းများအား အတည်ပြုခဲ့သည်။ အဆိုပါအခမ်းအနားတွင် သမဝါယမဦးစီးဌာနမှဝန်ထမ်းများနှင့် အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)