မြစ်ကြီးနားမြို့နယ်မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများပေးအပ်

မြစ်ကြီးနား ဇွန် ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက မော်ဖောင်းနယ်မြေ (၈)၊ ငါးအိုးကျေးရွာတွင် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအား မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဇွန်လ ၁၅ ရက် နံနက်ပိုင်းက  သွင်းအားစုဓာတ်မြေဩဇာနှင့် အောင်နိုင်တိုးမျိုးစပါးများ ပံ့ပိုးပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး‌‌ကျော်မင်းထွန်းက သမဝါယမ အသင်းသားတောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက်လိုအပ်သော သွင်းအားစု ဓာတ်မြေဩဇာများ ပံ့ပိုးပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သော သမဝါယမအသင်း (၄) သင်းမှ အသင်းသား (၁၁၀)ဦး၏ မိုးစပါး စိုက်ဧက (၆၁၉)ဧကအတွက် ငွေကျပ်တန်ဖိုး (၁၂၃၈)သိန်းရှိ သွင်းအားစုဓာတ်မြေဩဇာနှင့် အောင်နိုင်တိုး မျိုးစပါးများ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ခရိုင်(ပြန်/ဆက်)