မြိတ်မြို့တွင် တန်ဖိုးသင့် ရွေ့လျားထမင်းဆိုင်ဖြင့် ထမင်းနှင့်ဟင်းတစ်ပွဲ (၅၀၀)ကျပ်နှုန်း စတင်ရောင်းချ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုဘိုင်းစနစ်ဖြင့် ထမင်းနှင့်ဟင်းတစ်ပွဲ(၅၀၀)ကျပ်နှုန်းကို စေတနာရှင် အလှူရှင်များနှင့် ဆန္ဒတူမိတ်ဆွေများစုပေါင်း၍ ယနေ့ နေ့လယ်ပိုင်းတွင် ကမ်းနား လမ်း We Love Myeik ဆိုင်းဘုတ်အရှေ့၌ တန်ဖိုးသင့် ရွေ့လျားထမင်းဆိုင်ဖြင့် ထမင်းနှင့်ဟင်း ပါဆယ်ဗူးများ စတင်ရောင်းချ ကြောင်း သိရခဲ့သည်။