ပုသိမ်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့်တံတားဖော်ဆောင်ရန် ကွင်းဆင်းနေရာ သတ်မှတ် ခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာကွင်းတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတား တည်ဆောက်ရန် ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၁၈)နှစ် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင် လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ  အသက်(၁၈)နှစ် အထက် ပြည်သူများအား ဒီဇင်ဘာ ၈ ရက်နေ့တွင် ပထမအကြိမ် စတင်ထိုးနှံပေးရာ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၈၅၄ ဦးရှိကြောင်း သိရသည်။ အသက်(၄၀)နှစ်အထက် ပြည်သူများကိုလည်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့တွင် ၁၁၁၅ ဦး ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။

သာယာဝတီမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီကခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၉ ရက်၊ နံနက် ၉နာရီခွဲ အချိန် က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင် ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနှိင်ရန် အသံချဲ့စက်ဖြင့် နှိုးဆော်အသိပညာပေးခြင်း လုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ ညနေပိုင်းတွင် မြို့ပေါ်ရပ်ကွက်၊ နောင်ယန်း ကျေးရွာနှင့် ထဟော(၁)ကျေးရွာတွင် လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မဲဆန္ဒရှင်စာရင်းနှင့် လူဦးရေစာရင်း စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်သည်  အဖွဲ့ဝင်ဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက် (၁၀)နာရီက ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းနှင့် လူဦးရေစာရင်း စိစစ်မှုလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း ကျေးရွာများရှိ အိမ်ထောင်စု (၄၁) စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘူးပင်တဲကျေးရွာရှိ ဝင်ငွေနည်းအိမ်ထောင်စု (၁၉)စုအား ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်ကူဖြစ်စေရန်ရည်ရွယ်ပြီး အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄)နာရီအချိန်ခန့် က မန္တလေးမြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေ ရောင်းဝယ်ရေး မိသားစုကိုယ်စား မေတ္တာမီးအိမ်ပရဟိတအသင်းမှ အိမ်တိုင်ရာရောက်သွားရောက် လှူဒါန်းပေးခဲ့သည်။

သန်လျင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကံမမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ အသက် ၁၂ နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် ကျောင်းသား ကျောင်းသူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျန်းမာရေး ဝန်ထမ်းများက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများ အလိုက် ပြည်သူများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်မှ စတင်၍ သတ်မှတ်စုရပ်နေရာ အသီးသီးတို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
Subscribe to