အမျိုးသားအလွတ်တန်းဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ပုသိမ်မြို့၌ကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ အမှတ် (၈) နယ်မြေ ကျောက်စရစ်ကုန်းရပ်ကွက်ရှိ ချန်ပီယံ ဖူဆယ်အားကစားကွင်းအတွင်း၌ ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမနေရာ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာပါသူများ တက်ရောက်၍ ပထမနေရာဗိုလ်လုပွဲသို့ တက်ရောက်၍ အားပေးကြည့်ရှု ခဲ့ကြသည်။ 

မြဝတီမြို့၌ ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးနှင့် ပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေးတိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင်းမူမြို့နယ်ရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ကျင်းပ

ယနေ့ခေတ်လူငယ်များ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်ရုံး Community Centre ခန်းမတွင် “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဘားအံပညာရေးဒီဂရီကောလိပ်၌ ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်း

ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်တွင် အသစ်ခန့်အပ်သော  နည်းပြ၊ သရုပ်ပြ များ၊ အခြေခံပညာကျောင်းများတွင် အသစ်ခန့်အပ်သော  လက်ထောက်မူလတန်းပြနှင့် လက်ထောက်အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံ ပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပ သည်။

ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့‌ပေါ်တွင်   ယမန်နေ့နံနက်နံနက်ပိုင်းက အသက် ၁၈ နှစ်အထက် ပြည်သူများအား သတ်မှတ်စုရပ်အသီးသီး ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ‌ကြောင်း  သိရသည်။

ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး 

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂:၀၀) နာရီကဝါးခယ်မမြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။

ကြံခင်းမြို့နယ် စေတနာ့ဝန်ထမ်းကြက်ခြေနီ Volunteer RCV များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်တွင် ပူးပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်စေတနာ့ ဝန်ထမ်းကြက်ခြေနီတပ်စုမှုးနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းကကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စု ရွှေကြာရံဘုရားတန်ဆောင်းဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး နှံရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သရက်မြို့၌ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု ပြန်လည် စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to