မိုးမိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား ကိုဗစ် ၁၉ ရောဂါပိုး ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးဘုံကျေးရွာရှိ ကျေးလက်နေပြည်သူများ အား ကျန်းမာရေးဆိုင်ရာအထွေထွေရောဂါများ စစ်ဆေးကုသပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများဆက်လက်ထိုးနှံပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်းများကို ယမန် နေ့က မိုးဘုံကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။