ပညာသင်ကြားလိုသူများ အဆက်မပြတ်စေရေးနှင့် သက်မွေးပညာရပ်များ လူတိုင်းသင်ယူခွင့်ရစေရန်အတွက် ကျောင်းအပ်လက်ခံရက်တိုးမြှင့်

ဟိုပုံး ဇွန် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် သက်မွေးပညာရပ်အား စိတ်ဝင်စားသော ကျောင်းသား၊ ကျောင်းသူများနှင့် မိမိသားသမီးများအား အင်ဂျင်နီယာဖြစ်စေချင်သူများအနေဖြင့် ကျောင်းအပ်လက်ခံရက်ကို ဇူလိုင်လ(၁)ရက်နေ့ထိ လက်ခံရက်တိုးမြှင့်ထားကြောင်းသိရသည်။

အစိုးရနည်းပညာအထက်တန်းကျောင်းတွင် တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အဋ္ဌမတန်းအောင်မြင်သူများ၊ နဝမတန်း တက်ရောက်ဆဲ/ကျဆုံးသူများ၊ ဒဿမတန်း တက်နေဆဲ/ ကျရှုံးသူများအားလုံး တက်ရောက်သင်ကြားနိုင်မည်ဖြစ်ကြောင်းသိရသည်။ အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်းပက်)တွင် ကျောင်းသား၊ ကျောင်းသူများအား တစ်လလျှင် (၃၀၀၀၀)ကျပ်နှင့် နေစရာအဆောင်များ စီစဉ်ပေးလျက်ရှိကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)