ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်

ဒဂုံမြောက်  ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် (၄၈)ရပ်ကွက်ရှိ အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေး မှုတ်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထို့သို့စုပေါင်း၍ဆောင်ရွက်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ရပ်ကွက်အတွင်းရှိ စေတနာရှင်များ၊ ပရဟိတအဖွဲ့များ စုပေါင်း၍ ကျောင်းဝင်းအတွင်းသန့်ရှင်းသာယာရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ပြီး ကျောင်းပရဝုဏ်အတွင်းရှိ ရေသိုလှောင်ထားသော အုတ်ကန်၊ အုတ်စည်များအတွင်းအဘိတ်ဆေးခပ်ခြင်း၊ ကျောင်းစာသင်ခန်းများအတွင်း ခြင်များ မခိုအောင်း နိုင်ရန် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

မြင့်မြင့်ရီ