ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ခရိုင်အဆင့်စီမံကိန်းတာဝန်ပေးအပ်ပွဲ ကျင်းပ

မောင်တော ဇွန် ၁၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ခရိုင်အဆင့်စီမံကိန်း တာဝန်ပေးအပ်ပွဲ ပြုလုပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ခရိုင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ် ခရိုင်အဆင့် စီမံကိန်းတာဝန် ပေးအပ်ရခြင်းနှင့် ပတ်သတ်၍ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ စီမံကိန်းတာဝန်များအား အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ပြီး သတ်မှတ်ဘတ်ဂျတ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။ ထို့နောက် မောင်တော ခရိုင်/မြို့နယ် စီမံကိန်းတာဝန်များ၊ ဘူးသီးတောင်မြို့နယ် စီမံကိန်းတာဝန်များ၊ ခရိုင်လယ်ယာကဏ္ဍ စီမံကိန်းတာဝန်များ၊ သားငါး ကဏ္ဍစီမံကိန်းတာဝန်များ၊ သစ်တောကဏ္ဍနှင့် သတ္တုကဏ္ဍ စီမံကိန်း တာဝန်များ၊ လျှပ်စစ်ကဏ္ဍစီမံကိန်းတာဝန်များ၊ ငွေရေးကြေးရေး ကဏ္ဍစီမံကိန်း တာဝန်များအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ကိုကိုလေးတို့က ပေးအပ်ရာ  သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြပြီး ခရိုင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌမှ  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)