ပဲခူး ဇွန် ၂၁
ပဲခူးတက္ကသိုလ်တွင် ပညာရေးနှင့်အားကစားပေါင်းစပ်ပြီး ကျောင်းသား/သူများ၏ အားကစား အရည်အသွေးကို မြှင့်တင်ရန်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းသား/သူများ အချင်းချင်း ချစ်ကြည်ရင်းနှီး၍ ကျန်းမာရေးပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် စစ်မှန်သာ အားကစား စိတ်ဓာတ်ဖြင့် အားကစားကိုချစ်မြတ်နိုးလာစေရန်၊ နိုင်ငံတော်မှ ရည်မှန်းထားသော ထူးချွန်အားသော ဉာဏ်ရည်မြင့်မားသည့် မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀)နာရီက ပဲခူးတက္ကသိုလ်ရှိ အားကစားရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာထွေးထွေးယဉ်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားအဓိဌာန် ရွတ်ဆို၍ ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အုပ်စု(၄)အုပ်စုခွဲကာ အသင်း(၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)