ascမြဝတီခရိုင်၌ ကုန်တင်၊ကုန်ချဝန်ထမ်းမိသားစု(၄၀၀)ကျော်တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

မြဝတီ ဇွန် ၂၁

ကိုဗစ်-၁၉ရောဂါ   ကင်းရှင်းစေရေးအတွက်   ကာကွယ်ဆေးထိုးနှံပေးခြင်းကို   တစ်နိုင်ငံလုံး အတိုင်းအတာဖြင် ရုံးဌာန/အဖွဲ့အစည်းများ၊ ဈေးများ၊  အခြေခံ ပညာကျောင်းများ၊ မြို့ပြ/ကျေးလက်မကျန် နိုင်ငံတော်မှ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပေးလျက်ရှိရာ  ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မြဝတီမြို့နယ် ကုန်တင်၊ကုန်ချကော်မတီရုံး၏ ကွက်ကဲမှုလက်အောက်ရှိ အမှတ်(၂)ချစ်ကြည်ရေး တံတားနှင့်ကုန်သွယ်ရေးဌာနခွဲများ လုပ်ငန်းနယ်မြေများတွင် တာဝန်ထမ်းဆောင်နေ သည့် ကာယ၊ ဉာဏ ဝန်ထမ်းမိသားစု(၄၀၀)ကျော်တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးBooster Dose  ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ် (၂)ချစ်ကြည်ရေးတံတား ဝန်ထမ်းရိပ်သာတွင် စတင်ထိုးနှံပေးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ကြည့်ရှုအားပေးစကား ပြောကြားပေးသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြဝတီမြို့နယ် ကျန်းမာရေးကုသရေးဦးစီးဌာနမှ  ဦးစီးမှူး  ဒေါ်ဖြူဖြူဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်ကုန်တင်၊ ကုန်ချ ကော်မတီရုံးမှ ဦးစီးအရာရှိ ဦးနိုင်စိုးနှင့်အလုပ်သမားကြီးကြပ်အုပ်ချုပ်သူများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)