မြဝတီ ဇွန် ၂၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည်အများပြည်သူကို ဝန်ဆောင်မှုပေးသည့်ဌာနဖြစ်ရာ ပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင်ဌာန၏ လုပ်ငန်းရည်မှန်းချက်များ အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့ ညနေ၄နာရီက မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြည်သူ့ ဆက်ဆံရေး ဘာသာရပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဝင်းက ပြည်သူ့ဆက်ဆံရေးသင်တန်းဖွင့်လှစ်ပေးရခြင်းသည် မိမိဌာနဝန်ထမ်းများ အနေဖြင့် လုပ်ငန်းလာရောက်ဆောင်ရွက်သည့်ပြည်သူများနှင့် ပြောဆိုဆက်ဆံရာ၌ အထောက်အကူဖြစ်စေရေးနှင့် ဦးစီးဌာန ၏ ရည်မှန်းချက် လုပ်ငန်းတာဝန်များ အောင်မြင်စေရေး ဆောင်ရွက်ရခြင်းဖြစ် ကြောင်းအဖွင့်အမှာစကားပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ယခုသင်တန်းမှ ပို့ချပေးမည့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ဖြင့် လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချစေလိုကြောင်း အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေးအခြေခံဝန်ဆောင်မှုပေး ခြင်းကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေ အရပ်ရပ်၊ ဝန်ထမ်းနှင့်ပြည်သူ့ဆက်ဆံရေး၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှု ပေးခြင်း၊ မေတ္တာအပြုံးနှင့် ဂရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ စုစုပေါင်းဘာသာရပ်(၇)မျိုးကို သင်တန်းနည်းပြ(၄)ဦးတို့ကသင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား ဇွန် (၂၀)ရက်နေ့မှ (၂၄)ရက်ထိ(၅)ရက်တာ ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)