ကျိုင်းလပ်မြို့၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နာနတ်ခင်းများ ဖြစ်ထွန်းအောင်မြင်၍ မိသားစုဝင်ငွေရရှိ

ကျိုင်းလပ် ဇွန် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဒေသခံတောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိစေရန် မိမိတို့နေအိမ်ခြံဝန်းနှင့် တောင်ယာခြံများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နာနတ်ခင်းများ ယခင်နှစ်ထက် အထွက်နှုန်းကောင်း၍ တစ်လုံးလျှင် ထိုင်းဘတ်ငွေ (၁၀)ဘတ်မှ (၂၀)ဘတ်ထိ ရောင်းချ၍ရသောကြောင့် မိသားစု အပိုဝင်ငွေရရှိကြောင်း နာနတ်ခြံစိုက် တောင်သူ ဦးဂေါ်ဒိုထံမှ သိရသည်။

ကျိုင်းလပ်မြို့၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးအနေဖြင့် အဓိကအားထား လုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသီးနှံများအဖြစ် နာနတ်အပြင် သက်ရက်သီး၊ နှင်းသီး၊ ကြက်မောက်သီး စသည့်သီးနှံပင်များကို မိသားစုအပိုဝင်ငွေရရှိစေရန် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)