ဒဂုံတောင် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆရာအတက်ပညာဦးစီးဌာန၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၂ ခုနှစ် မိုးရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီက သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူးဒေါ်ခင်ဆွေအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အမှာစကား ဆက်လက်ပြောကြားပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးအားကစားအဖွဲ့မှ Fitness Dance ကစားနည်းဖြင့် သရုပ်ပြခြင်းနှင့် YTC အားကစားအသင်းမှ တိုက်ကွမ်ဒို အားကစားနည်းဖြင့် သရုပ်ပြခြင်းများပြုလုပ်ခဲ့ကြပြီး မြို့နယ်အားကစားမှူးမှ ဂုဏ်ပြုချီးမြှင့်ငွေများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က အခမ်းအနားတက်ရောက်လာသူများနှင့် သင်တန်းဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား(၂၂.၆.၂၀၂၂)ရက်နေ့မှ (၂၃.၇.၂၀၂၂)ရက်နေ့အထိ(၁)လတာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းတွင် တိုက်ကွမ်ဒို၊ ဘောလုံးနှင့် အေးရိုးဗစ် အားကစားနည်းများပါဝင်ပြီး အားကစားနည်းများကို ရက်သတ္တပတ် တစ်ပတ်လျှင်(၃)ရက်တိတိ နံနက်(၀၆:၃၀)မှ(၀၈:၀၀)အထိ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၃၄)ဦး တက်ရောက်သင်ယူလျက်ရှိသည်။
ထို့အပြင် ယခုလိုဖွင့်လှစ်သည့် အခြေခံအားကစားနည်းသင်တန်းများ ပြီးဆုံးပါကလည်း အဆင်မြင့်အားကစားနည်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ စိတ်ပါဝင်စားသော အားကစားနည်းမျိုးများကိုလည်း တာဝန်ရှိသူများနှင့်ချိတ်တက်၍ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်မှ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် (ပြန်/ဆက်)