သရက်ချောင်း ဇွန်လ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည် ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ ရေချိုချောင်းကျေးရွာနှင့် ကျောက်မြောင်းရပ်ကွက်တို့မှ တောင်သူ (၈၄) ဦး၊ တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် စပါးစိုက် ဧက (၄၆၇) ဧကအတွက် ချေးငွေကျပ် (၇၀,၀၅၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရန်ကျေးရွာ (၂၉) ရွာအတွက် ကနဦးလျာထားငွေ ကျပ်သိန်းပေါင်း (၇၅၀၀) သိန်းလျာထားခဲ့ပြီးလက်ရှိမှာ ကျပ်သိန်း (၄၆၃၃.၅၀) သိန်းထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်အေးသီတာထံမှ သိရသည်။
နန်းခလိုက် (သရက်ချောင်း)