မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်စရာ ဆွေးနွေးပွဲဆောင်ရွက်

မန်တုံ ဇွန် ၂၁ 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ယနေ့ လူငယ်နှင့်မူးယစ်ဆေးဝါးန္တရာယ်အကြောင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ဆွေးနွေးပွဲများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မူးယစ်ဆေး၏ မကောင်းကျိုးများ၊ ယနေ့ခေတ်လူငယ်များရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိတ်ပိုင်းဆိုင်ရာမွန်းကျပ်မှုများကို လူကြီးမိဘများက နားလည်မှုရှိရှိ မျှဝေသိရှိနိုင်မှသာ မူးယစ်ဆေးကဲ့သို့သော မကောင်းသည့်ထွက်ပေါက်များ၊ ရှာဖွေမှုလျော့နည်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောင်လာကြသော အမျိုးသမီးအသင်းအဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးမျိုးအဖုံဖုံ၊ မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရန် လူတစ်ဦးတစ်ယောက်ချင်းစီမှ တာဝန်ကိုယ်စီရှိစွာဖြင့် မူးယစ်ကင်းစင်သည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေး တက်ရောက်လာသောအဖွဲ့ဝင်များက မေးခွန်းများမေးမြန်၍ အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

မန်တုံ (ပြန်/ဆက်)