ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး တတိယအကြိမ် (Booster dose)ဆက်လက်ထိုးနှံပေး

ဒဂုံမြောက် ဇွန် ၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃၈)ရပ်ကွက် မင်္ဂလာအေးကျောင်းတိုက်တွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီ လွှမ်းခြုံနိုင်ရန် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများနှင့်စက်မှုဇုန်လုပ်သားများအား ယမန်နေ့က ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

သတ်မှတ်ဆေးထိုးစုရပ်တွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံသူ(၂၄)ဦးနှင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ စက်မှုဇုန်လုပ်သား(၂၆၂)ဦးနှင့် ပြည်သူ(၂၂)ဦး စုစုပေါင်း တတိယအကြိမ်(Booster dose)ထိုးနှံသူ(၂၈၂)ဦးတို့အား Covishield နှင့် Covaxin ကာကွယ်‌ဆေးများ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မြင့်မြင့်ရီ