အင်းစိန်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့​ စာအုပ်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများရရှိစေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့်

စုကလိမြို့၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာပေးလုပ်ငန်းတစ်ခုဖြစ်သည့် Talk Show အား Online မှတစ်ဆင့် ထုတ်လွင့်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးရာသီကာလတွင် အများဆုံး ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်းအသိပညာပေး Talk Show အားလူထုအခြေပြုဗဟိုဌာန (Coomunity Centre) ၌ ပြုလုပ်ခဲသည်။

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ဂုဏ်ထူး(၄)ဘာသာဖြင့် အောင်မြင်ခဲ့သူအား ဂုဏ်ပြုပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းသားသမီးများ ပညာသင်စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၁ဝနာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်သည်။

တောင်ဥက္ကလာပမြို့နယ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် မိုးစပါးရာသီ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေဆီလွှာ ထည့်သွင်းစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်း၌ စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်(၂၆) တောင်သူဦးဋ္ဌေးအောင်၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများ စတင်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို ယနေ့နံနက် (၆)နာရီအချိန်က စတင်ထုတ်ပေးကြောင်း သိရသည်။

မြင်းခြံမြို့တွင် အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နေ့လယ် ၁ နာရီခွဲအချိန်က အသိပညာဗဟုသုတ ရရှိစေရန်အတွက် ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည် နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးဆောင်၍ (ပထမအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဝိုင်းမော်မြို့နယ်ရုံး ယန္တရားဂိုဒေါင်အဝန်းအဝိုင်းရှိ လစ်လပ်မြေနေရာတွင် ယမန်နေ့ မွန်းလွဲပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စုဝေးခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to